ပင်လောင်း ၁ မေ
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေမည့် ခြေနင်းလက်ဆေးကန်များကို ပင်လောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖယ်ခုံမြို့နယ် ကရုဏာလူမှုစည်းလုံးရေးအဖွဲ့မှ ယနေ့တွင် တပ်ဆင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့တပ်ဆင်ရာတွင် ပင်လောင်းမြို့နယ်အတွင်း အများပြည်သူ အများဆုံး ဝင်ထွက်သွားလာရာ နေရာများဖြစ်သော အမှတ်(၄) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြန်မာ့စီးပွားရေးဘဏ်၊ လျှပ်စစ်ရုံး၊ ပညာရေးမှူးရုံး၊ မြို့မရဲစခန်း၊ မြို့မစျေးနှင့် ကားဂိတ်များတွင် တပ်ဆင်ပေးခဲ့သည်။
ကရုဏာ လူမှုစည်းလုံးရေးအဖွဲ့အနေဖြင့် ပင်လောင်းမြို့နယ်အတွင်း ခြေနင်းလက်ဆေးကန် စုစုပေါင်း (၆၁) လုံး တပ်ဆင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


