လားရှိုး၊ ၂၃ ဇွန်

လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးကြီးအား ဇွန် ၂၃ ရက်မှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ()ပတ်ကြာ ယာယီပိတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဈေးကြီး၌ ဇွန် ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၅)ဦးရှိခဲ့ပြီးနောက် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဇွန် ၂၃ ရက်မှ ဇူလိုင် ရက်အထိ ()ပတ်ကြာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်ထံက သိရှိရသည်။

ထို့ပြင် လားရှိုးမြို့ ညဈေးနှင့် ခါးရိုးဈေးကိုလည်း ယာယီပိတ်ထားပြီး ဈေးရုံပိတ်ထားသည့် အချိန်တွင်လည်း ဈေးရောင်းချသူများသည် မိမိအိမ်တွင်သာ နေထိုင်ကြရန်နှင့် ကျန်းမာရေးတစ်စုံတစ်ရာ ထူးခြားမှုရှိလာပါကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ (သို့မဟုတ်) ကျန်မာရေးဌာနသို့ ဆက်သွယ်ကြရန်လည်း ကြေညာထားရှိသည်။

ဇွန် ၂၂ ရက်က လားရှိုးမြို့ရပ်ကွက်()၊ နယ်မြေ(၁၀)ရှိ Home Quarantine ထားရှိသောအိမ်မှ အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါ ပေါ့စတစ်ထွက်ရှိခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားမှုဖြင့် Covid-19 Operation Team မှ ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း သင်္ဂြိုလ်ခဲ့ကြကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ပေါ့စတစ်ရှိသူနှင့် ထိတွေ့ခဲ့သူများအနေဖြင့် ထိတွေ့ပြီး ()ရက်နေမှသာ ဆေးစစ်ဆေးချက်အဖြေထွက်ရှိမှု ပို၍မှန်ကန်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပေါ့စတစ်အတည်ပြုထားသူလူနာမှာ ဇွန် ၂၃ ရက်အထိ (၁၆၈)ဦးရှိနေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီထံက သိရှိရသည်။

ဟန်ဌေး(လားရှိုး)

mdn