လှိုင်းဘွဲ ၂ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း ပြည်သူများ စာဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လှိုင်းဘွဲတပ်နယ်မှ ဦးစီး၍ စားသောက်ဖွယ်ရာများအား ယမန်နေ့က ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ရောင်းချပေးရာတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အလွှာအသီးသီးမှ ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသောက်နိုင်စေရန် ထမင်း/ကြက်သားဟင်း၊ ပဲကုလားဟင်း၊ အစိမ်းကြော်၊ ငပိတို့စရာများဖြင့် တစ်ပွဲလျှင်(၄၀ဝ)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချ ပေးလျက်ရှိပေးလျက်ရှိသည်။
ထို့အပြင် ထီလုံကျေးရွာအုပ်စု စစ်မှုထမ်းဟောင်း ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကာလအတွင်း စာဝတ်နေရေး အဆင်ပြေ သက်သာစေရေးအတွက် တပ်နယ်မြေခြံထွက် အသား၊ငါး၊ ဟင်းသီးဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ရောင်းချပေးလျက်ရှိရာ ကြက်သား တစ်ပိဿာလျှင်(၃၂၀ဝ)ကျပ်၊ ကြက်ဥတစ်လုံး(၁၀ဝ)ကျပ်၊ ရွှေဖီဦးလက်ဖက်ရည်အထုပ်ကြီး တစ်ထုပ်(၂၅၀ဝ)ကျပ်၊ ဘူးသီးတစ်လုံး(၅၀ဝ)ကျပ်၊ ဟင်းသီးဟင်းရွက်ကြိုက်တာယူ တစ်စည်း(၁၀ဝ)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


