ကျိုက်မရော စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များကို သိရှိလိုက်နာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မြန်မာနှင့်မွန် နှစ်ဘာသာဖြင့် ကျေးရွာအရောက် လက်ကိုင်အသံချဲ့စက်အသုံးပြုကာ လှည့်လည်နှိုးဆော် အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


