ခန္တီး ၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေက ခန္တီးလေဆိပ်၊ ခရိုင်အထွေထွေအစည်းဝေးခန်းမ၊ ပြည်သူ့ဝန် ဆောင်မှုရုံး၊ အချုပ်ခန်း၊ ခရိုင်၊ မြို့နယ်တရားရုံး၊ လူအဝင်အထွက်များသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းနှင့် လူထုအခြေပြုဌာနခန်းမတို့တွင် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝင်းနှင့် ရုံးဝန်ထမ်းများ၊ ခန္တီးလေကြောင်း တာဝန်ခံဒုရဲမှူးစိုးစိုးဦး၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်နှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ အကျဉ်းဦးစီးဌာနသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


