ရန်ကုန်   ၂၀  နိုဝင်ဘာ  

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(အင်းစိန်)သို့ Surgical Gowns ၆၀ဝ ကို ယမန်နေ့ မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်စေရန်အတွက် Myanmar Skyrun International Co.Ltdမှ တာဝန်ရှိသူများက လာရောက်လှူဒါန်းရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အင်းစိန်)မှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မိုးမိုးမြင့်နှင့် တာဝန်ရှိသူများ က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)