ကလော  ၆   ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာနရှိ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဧပြီ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကျေးရွာများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရေး အတွက်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ရွေ့လျားစာကြည့်တိုက်ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သွားရောက်သည့် ရွာငံမြို့နယ် တောင်ပို့ကွဲကျေးရွာတို့တွင် "ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်ပါ" လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောနည်းစနစ်များနှင့် လက်သန့်ဆေးရည်များ စနစ်တကျသုံးစွဲကျရန် ပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အသိပညာပေးလက်ကမ်းစာစောင်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသော ဒေသမှပြန်လာသူ များ၏အတူနေ မိသားစုဝင်များလိုက်နာရန်နှင့် ပြန်လာသူများ ခွင့်သွားစဉ်/ အိမ်တွင်နေထိုင်စဉ် လိုက်နာရမည့် အချက်များ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏများ၊ ကာကွယ်သည့်နည်းလမ်းများ၊ ပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားချက်၊ အကြောင်းအရာပါ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ကျော်ဝင်း (ပြန်/ဆက်)