နေပြည်တော် ၂၅ မေ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဝမ်းတွင်းမြို့သို့ ဝင်/ထွက်သွားလာလျက်ရှိသော မော်တော်ယာဉ်များကို ယနေ့ နံနက်ပိုင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝမ်းတွင်မြို့ အမှတ် (၁) ရပ်ကွက်၊ သိမ်တောင်ပေါက်မြို့အဝင်၌ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး တင်ဝင်း ဦးစီးသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ယာဉ်ထိမ်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လ၀ကအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့တွင်းသို့ ဝင်/ထွက် သွားလာလျက်ရှိသော မော်တော်ယာဉ်များအား ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား