ဝန်းသို   ၁၉    ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှုရှင်များပူးပေါင်း၍ ဧပြီ ၁၈ ရက်နေ့မှ စတင်၍ နှာခေါင်းစည်း (Mask) များ ချုပ်လုပ်နေကြောင်း သိရသည်။

 

2035

 

Mask တစ်ခုကို ၅၀ဝကျပ် ပတ်ဝန်းကျင်လောက်ပေးဝယ်နေရာတော့ နေ့စဉ် ဝယ်ယူသုံး နေရရင် ပြည်သူတွေအနေနဲ့မတတ်နိုင်ကြဘူးလေ၊ ခုဟာက လျှော်သုံးလို့လည်းရတယ်၊ အပြည့်အဝကြီး မဟုတ်တောင် အတတ်နိုင်ဆုံးရောဂါကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်၊ ပြည်သူများအနေဖြင့်လည်း လုပ်အားဒါန ပါဝင်စေလိုပါတယ်ဟု မြို့နယ်ကျေးလက် ဦးစီးဌာန ဦးစီးမှုး ဦးမြတ်မျိုးထွန်းက ပြောသည်။

 

အဆိုပါ နှာခေါင်းစည်းများပြုလုပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်း Volunteer များနှင့်ပူးပေါင်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း Home stay နေထိုင်သည့် Volunteerများကလည်း တာဝန်ရှိသူများထောက်ပံ့မှုဖြင့် နှာခေါင်းစည်းများကို ချုပ်လုပ်နေကြောင်းနှင့် ချုပ်လုပ်ပြီးသော နှာခေါင်းစည်းများကို ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)

 

693