ပဲခူး ၁၇ ဧပြီ

 

ပြည်သူမှပြည်သူသို့ အစီအစဉ်အရ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆရာဝန်များ၊ သူနာပြုများနှင့်ဝန်ထမ်းအင်အား(၁၅၀)ခန့်အတွက် အာဟာရပြည့် နေ့လယ်စာ စားသုံးနိုင်ရေးအတွက်  အလှုရှင်ပြည်သူများမှ ယမန်နေ့ မွန်းလွဲပိုင်းက အလှူငွေများ လှူဒါန်းပေးခဲ့ကြသည်။    

 

852

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ  ဆရာဝန်များ၊ သူနာပြု များနှင့် ဝန်ထမ်းများ အာဟာရပြည့် နေ့လယ်စာစာသုံးနိုင်ရန် အလှူရှင်ပြည်သူများ လှုဒါန်းငွေ ဖြင့် ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပဲခူးမြို့ ရှင်စောပုလမ်းနေ အလှူရှင် ဒေါ်အေးအေး ပွင့်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း မိသားစုမှ အလှူငွေ(၂)သိန်း၊ ရန်ကုန်မြို့နေ ဒေါက်တာ တိုးတိုးအောင်မှ (၂)သိန်းကျပ်တို့ကို လှူဒါန်းကြသည်။

 

ထို့အတူ ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကြီးကြပ်မှု ကော်မတီရုံးခန်းသို့လည်း အလှူရှင်အသီးသီးမှ ကိုဗစ်-၁၉  အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန်အတွက် ပဲခူးတိုင်းဒေသကြီး သမဝါယမ အသင်းချုပ် မိသားစုများမှ အလှူငွေကျပ်(၁)သိန်း၊ မဝါဝါငြိမ်း ဗိုလ်မင်းသိန်း(၂)လမ်းမှ အလှူငွေ(၁)သိန်း၊ ဥဿာ (၇)လမ်းနေ မမြင့်မြင့်နှင့် မောင်နှမတစ်စုမှ အလှူငွေ(၁)သိန်း၊ Robust goal group of companie & ရွှေကြယ်ဟိုင်းဝေးဆောက်လုပ်ရေးကုမ္ပဏီတို့မှPPEဝတ်စုံ(၅၀ဝ)စုံ၊ ကာကွယ်ရေးမျက်မှန်(၅၀ဝ)ခု၊ N95mask (၂၀ဝ၀)ခု၊ တို့ကို ပေးအပ်လှူဒါန်းကြရာ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ကော်မတီအဖွဲ့များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

202004