တီးတိန် ၈ ဧပြီ
ကိုဗစ်-၁၉ ရောဂါကြောင့် Lock Down ပြုလုပ်ထားသော ကပ်တဲလ်ကျေးရွာအတွက် ချင်းပြည်နယ်အစိုးရနှင့် KMSS အဖွဲ့အစည်းမှ ဒုတိယအကြိမ်ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများအား တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်နှင့်အဖွဲ့က ကပ်တဲလ်ကျေးရွာသို့ ယမန်နေ့က သွားရောက်ပေးအပ်ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများမှာပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၆၀)၊ ဆီ(၄၃)ပိဿာ၊ ကုလားပဲ(၅၃)ပိဿာ၊ ဆား(၁၅)ပိဿာနှင့် KMSS အဖွဲ့အစည်းမှဆန်အိတ်(၃၀ဝ)၊ ကုလားပဲ(၁၈၃) ပိဿာ၊ ဆီ(၆၄၉)ပိဿာ တို့ဖြစ်ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တီးတိန်ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဇော်မြင့်နိုင်တို့က ဒေသခံပြည်သူများအား စားနပ်ရိက္ခာအတွက် စိုးရိမ်လွန်ကဲမှုမရှိကြရန်၊ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလိုက်နာရမည့် စည်းကမ်း၊ စည်းမျဉ်းများ လိုက်နာကြရန် ပြောကြားပြီး လိုအပ်ချက်များညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)