မတ် ၁၁

 

ထိုင်းနိုင်ငံ၏ကျန်းမာရေးအာဏာပိုင်များက ဇူလိုင်လ ၁ ရက်နေ့ကစတင်သော ကိုဗစ်-၁၉ ရောဂါကို ပုံမှန်ဖြစ်ပွားလေ့ရှိသော ရောဂါအဖြစ်ကူးပြောင်းရေးပံ့ပိုးရန် အဆင့်လေးဆင့်ပါသော အစီအစဉ်တစ်ခုအား ဗုဒ္ဓဟူးနေ့က ခွင့်ပြုခဲ့သည်ဟု သိရသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရောဂါကူးစက်မှုများထပ်မံဖြစ်ပွားခြင်းနှင့် ထိုကူးစက်မှုကြောင့် လူသေဆုံးမှုများမြင့်တက်လာခြင်းတို့ကို ဖြည်းဖြည်းချင်း ထိန်းသိမ်းရန်နှင့် ထိုဗိုင်းရပ်စ်ကူးစက်မှုကို ပုံမှန်ဖြစ်ပွားလေ့ရှိသော ရောဂါအဖြစ် သဘောထားရေးတို့အတွက် ရည်ရွယ်ထားသည့် ထိုအစီအစဉ်ကို အမျိုးသားကူးစက်နိုင်သော ရောဂါဆိုင်ရာ ကော်မတီက ကျင်းပသော အစည်းအဝေးတစ်ခုတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

စနေနေ့မှ ဧပြီလအစောပိုင်းအထိ ရောဂါကူးစက်မှုများထပ်မံမြင့်တက်လာသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ဧပြီမှမေလအထိလည်း ကူးစက်ဖြစ်ပွားမှု ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားသော်လည်း ကူးစက်မှုလျော့ကျလာမည်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။

 

ပုံမှန်ဖြစ်ပွားလေ့ရှိသော ရောဂါအဆင့်သို့ရောက်ရှိရန် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုနှုန်းသည် ၀ ဒသမ ၁ ရာခိုင်နှုန်းမကျော်ပဲရှိနိုင်ပြီး လတ်ရှိအချိန်တွင် ထိုနှုန်းထားသည် ၀ ဒသမ ၂ ရာခိုင်နှုန်းနှင့်နီးစပ်လာသည်။

 

ဗုဒ္ဓဟူးနေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၀၇၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး ယင်းကူးစက်မှုကြောင့် ၆၉ ဦး ထပ်မံသေဆုံးခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် အင်္ဂါနေ့ကအထိ  လူဦးရေ သန်း ၇၀ နီးပါး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှုခံယူပြီး ဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၀ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို