နောင်ချို ၂ အောက်တိုဘာ
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေတနာမွန်လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးနေဦးသာနှင့် အသင်းသားများသည် ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကို ပူးပေါင်းကူညီ ကာကွယ်ရန် ယမန်နေ့ မွန်းလွဲ ၂ နာရီက နောင်ချိုမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
စေတနာမွန်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးနေဦးသာ၏ ဦးဆောင်မှုနှင့်အတူ လူနာတင် ယာဉ်(၄)စီး၊ လူငယ်စေတနာ့ဝန်ထမ်း အသင်းသား(၈)ဦး တို့သည် ရန်ကုန်တက္ကသိုလ် အဓိပတိဆောင်တွင် အခြေစိုက်နေထိုင်ကာ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကို ရန်ကုန်မြို့ နယ်မြေခံအသင်းသားများနှင့် ပူးပေါင်းကူညီ ကာကွယ်ရန် သွားရောက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်