ကောလင်း ၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံအလှူရှင်များပူးပေါင်း၍ Mask အခု (၂၀ဝ၀)၊ လက်သန့်ဆေးဘူး(၅၀ဝ)၊ လက်ကမ်းစာစောင် (၅၀ဝ)နှင့် လက်အိတ်(၁၀ဝ၀)ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဖြန့်ဝေရာတွင် ကောလင်းမြို့နယ် လွှတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံအလှူရှင်များက လူအများသွားလာရာနေရာများ၊ ကုန်စိမ်းရောင်းချရာနေရာများတွင် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)