ပုသိမ် ၂၀ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက်တွင် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရွှေပြည်သာဈေး၊ မြို့မဈေး၊ အောင်ဧရာဈေး၊ အောင်သီရိဈေးနှင့် မြို့သစ်ဈေးတို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆောင်သည့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များ COVID ရောဂါ သတင်းအချက်အလက်များ ချိတ်ဆက်ဖြန့်ဝေရေးနှင့် ကူညီရေး အဖွဲ့တို့ ပူးပေါင်း၍ အဖွဲ့(၄)ဖွဲ့ခွဲကာ ဈေးရောင်းချသူများ Mask တပ်ဆင်အသုံးပြုရေး ဈေးရောင်းသူ၊ ဈေးဝယ်သူများအား Mask တင်ဆင်ရေး အရေးကြီးပုံတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ယနေ့ထိ စစ်ဆေးချက်အရ Mask တပ်ဆင်ခြင်း မရှိသည့် ဈေးသည် ၆၄ ဦးအား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)