တိုက်ကြီး ၂၀ ဧပြီ          

 

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှင့်ကူးစက်ပျံ့နှံ့မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်သို့ စာအုပ်များငှားရမ်းနိုင်ရန် ဝင်-ထွက် သွားလာလျက်ရှိသည့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ အားလုံး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့ မှုအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ ရုံးတွင်း/ရုံးပြင်၊ ရုံးရှေ့ နံရံကပ်မြေစိုက်ပြဘုတ် နှင့် လူဝင်လူထွက်များသော နေရာများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

စန်းကလျာခိုင်(ပြန်/ဆက်)

 

mdn