ဆင်ပေါင်ဝဲ    ၁၅   အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိကာ နေ့ညမပြတ် အရှိန်အဟုန်မြှင့်တင်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့အဝင်/အထွက်လူစာရင်းနှင့်  မော်တော်ယာဉ်စာရင်း ကောက်ယူခြင်း၊ မြို့အဝင်လူများအား နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းနှင့်  ကိုယ်အပူချိန် တိုင်းတာပြီးမှသာ မြို့အဝင်/အထွက် သွားလာခွင့်ပြုခြင်း၊  လူစာရင်း ကောက်ယူရာတွင်  ပြည်ပ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့်  ရခိုင်ပြည်နယ်မှ ပြန်လာသူများအား တွေ့ရှိပါက Facility Quarantine ထားရှိနိုင်ရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပို့စေခြင်းနှင့် အခြားမြို့နယ်များမှ ဝင်ရောက်လာသူများဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏  နေထိုင်သူ မှန်ကန်ကြောင်း ထောက်ခံချက်ပြနိုင်မှသာ ဝင်ရောက် ခွင့်ပြုခြင်းတို့  အရှိန်အဟုန်မြှင့်  စစ်ဆေးကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

 

ဆင်ပေါင်ဝဲ မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့်   ကြိုတင်ကာကွယ် နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏  လမ်းညွှန်ချက်များနှင့်အညီ မြို့အဝင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသွား ပြည်သူများအား နေ့ညမပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

                      

အိဖြူဖြူမောင်(ပြန်/ဆက်)