၂၇ ဇူလိုင်

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေစဉ် မွန်ဂိုနိုင်ငံသား ၂၆၄ ဦးသည် ဉရောပမှ စင်းလုံးငှား လေယာဉ်တစ်စင်းဖြင့် မွန်ဂိုမြို့တော်သို့ ဇူလိုင် ၂၇ ရက်တွင် ရောက်ရှိခဲ့သည်ဟု ပြည်နယ် အရေးပေါ် ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

 

 

အဆိုပါ နေရပ်ပြန်သူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် ကျန်းမာရေး၊ ငွေရေးကြေးရေး သို့မဟုတ် အခြားအခက်အခဲရှိသူများ ပါဝင်ကြောင်း နိုင်ငံအရေးပေါ်ကော်မရှင် (SEC)က ပြောကြားသည်။

 

 

သတ်မှတ်ထားသော အဆောက်အအုံများတွင် ၎င်းနေရပ်ပြန်သူများသည် ၂၁ ရက်ကြာ သီးခြားနေထိုင်ရမည် ဖြစ်ကြောင်း SEC က ထပ်လောင်းပြောကြားသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားချိန်ကတည်းက နိုင်ငံများစွာမှ မွန်ဂိုနိုင်ငံသား ၁၄၅၀ဝ ကျော်ကို နေရပ်ပြန်ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း ထိုကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

 

 

ယနေ့အထိ ဒေသတွင်းကူးစက်မှု သို့မဟုတ် သေဆုံးမှု မရှိကြောင်းနှင့် အရှေ့အာရှနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၂၈၈ ဦးရှိသည်ဟု အတည်ပြုဖော်ပြထားသည်။

 

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို