နောင်ချို ၁၇ ဧပြီ
ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Hand Speaker ဖြင့် နောင်ချိုမြို့အတွင်း မြို့တွင်းလှည့်လည် ပညာပေးခြင်းကို ယမန်နေ့ ညနေပိုင်း အချိန်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘ ပြည်သူများ ဆောင်ရန်၊ ရှောင်ရန်များ၊ ပြည်ပမှပြန်လည်ရောက်ရှိလာသူများ လိုက်နာဆောင်ရွက်ရန်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ကြစေရေး ကျန်းမာရေး အသိပညာပေးခြင်းကို Hand Speaker များဖြင့် နောင်ချိုမြို့အတွင်း တစ်လမ်းဝင်တစ်လမ်းထွက် ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်၊နောင်ချို၊ ပြန်/ဆက်
