တီးတိန် ၃၀ ဧပြီ

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသော ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိသူ case-001 အား ယနေ့ ဧပြီ ၃၀ ရက် နံနက် ၁၁ နာရီက တီးတိန်မြို့နယ် သူနာပြုအဆောင်သစ်မှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရပြီးနောက် ၎င်းနေထိုင်မည့် အိမ်တွင် Home Quarantine ၁၄ ရက် ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဒိုင်းဒိမ့်(ပြန်/ဆက်)