နေပြည်တော် ၃ စက်တင်ဘာ
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၁၁၆ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၁၁၁ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၁၁၁၁ ဦးအနက် သေဆုံးသူ ခြောက်ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၅၉ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနှင့် စက်တင်ဘာ ၂ ရက်မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၃ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၈၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်