နေပြည်တော် ၁၁ စက်တင်ဘာ
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၂၇၂ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၂၄၂၂ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၂၄၂၂ ဦးအနက် သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနှင့် စက်တင်ဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၁၁ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၈၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်