နေပြည်တော် ၄ စက်တင်ဘာ
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၆၀ ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၁၇၁ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၁၁၇၁ ဦးအနက် သေဆုံးသူ ခုနှစ်ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနှင့် စက်တင်ဘာ ၃ ရက်မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၉၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်