နေပြည်တော် ၅ စက်တင်ဘာ
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၈၂ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၁၂၅၃ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၁၂၅၃ ဦးအနက် သေဆုံးသူ ခုနှစ်ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၇၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၆၆ ဦးနှင့် စက်တင်ဘာ ၄ ရက်မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၅ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၁၉ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်