နေပြည်တော် ၃၀ ဇူလိုင်

 

ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၅၃ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့ရှိသူနှစ်ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးနှင့် မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးဖြစ်သည်။

 

ရောဂါပိုးတွေ့ရှိသူ ၃၅၃ ဦးအနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ ၂၉၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူဦးရေ ၂၈၀ နှင့် ဇူလိုင် ၂၉ ရက် မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၃၀ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၀ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

 

သတင်းစဉ်