mdn

နေပြည်တော် ၅ ဩဂုတ်

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၅၇ ဦးရှိပြီဖြစ်ပြီး   ပိုးတွေ့ရှိသူနှစ်ဦးမှာ ဆူဒန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးနှင့် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦး ဖြစ်သည်။

 

ရောဂါပိုးတွေ့ရှိသူ ၃၅၇ ဦးအနက် သေဆုံးသူ ၆ ဦး၊  ပိုးမတွေ့ရှိတော့သူ ၃၀၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၈၉ ဦးနှင့် ဩဂုတ် ၄ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၅ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၄ ဦး ရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

 

သတင်းစဉ်