နေပြည်တော် ၇ ဩဂုတ်
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၅၉ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့ရှိသူနှစ်ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြသည်။
ရောဂါပိုးတွေ့ရှိသူ ၃၅၉ ဦးအနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၀၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၉၆ ဦးနှင့် ဩဂုတ် ၆ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၇ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်