တီးတိန် ၇ သြဂုတ်    

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ အမှတ်-၃၅၇ သည် ဆေးကုသမှုခံယူရန် ယမန်နေ့ညနေ ၃ နာရီ ၄၅ မိနစ်က ကျီခါးမြို့မှ တီးတိန်မြို့သို့ ရောက်ရှိသည်။

 

အဆိုပါလူနာသည် ပြည်သူ့ဆေးရုံ ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ၌ ဆေးကုသမှုခံယူမည်ဖြစ်သည်။ ၄င်းပိုးတွေ့လူနာသည် အိန္ဒိယနိုင်ငံမှ ပြန်လာသူဖြစ်ပြီး တီးတိန်မြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူ အသက်(၁၉)နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း သိရသည်။

 

တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ယခုလတ်တလောအချိန်တွင် ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား (၃)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)