ကော့သောင်း ၃၁ မေ
ကော့သောင်းမြို့၊ အမြဲတန်းအလှူရှင်များက ကော့သောင်းမြို့ပေါ်ကျောင်းတိုက်အသီးသီးမှ သီလရှင် ဆရာလေးများအား ယမန်နေ့ မွန်းလွဲပိုင်း က ပစ္စည်းလေးပါးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ဆွမ်းကွမ်းကိစ္စများ အခက်အခဲ ဖြစ်ပေါ်လျှက်ရှိ သည့် ကော့သောင်းမြို့ပေါ်ရှိ သီလရှင်ကျောင်းတိုက်များမှ သီလရှင်များ ဆရာလေးများ အခက်အခဲ ဖြစ်ပေါ် နေမှုများ အဆင်ပြေကြစေရန် ရည်ရွယ်ကာ အမြဲတန်းအလှူရှင်များဖြစ်သော ကော့သောင်းမြို့ မဟာသမ္မတ သင်္ကန်းတိုက်၊ ရတီဦး ကုန်မျိုးစုံဆိုင်၊ မိုးယံရွှေလမင်းထီဆိုင်နှင့် စေတနာရှင် အလှူရှင်များက စုပေါင်းကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ကော့သောင်းမြို့ပေါ်ရှိ သီလရှင် ကျောင်းတိုက် များမှ သီလရှင်များအား ပစ္စည်းလေးပါး နှင့် လှူဘွယ်ဝတ္တုငွေများ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
လှူဒါန်းမှုတွင် အမြဲတန်းအလှူရှင်များအပါအဝင် မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များ ကာ ဆွမ်းဆန်၊ ဆီ၊ဆား၊ ကြက်သွန်နီ ၊အသင့်စား ရယ်ဒီမိတ်အစားအစာများ၊ ဆေးဝါးများ၊ ငှက်သိုက် ပေါင်းရည်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အချိုမှုန့်၊ အချိုရည်မျိုးစုံ၊ ဆပ်ပြာမှုန်၊ဆပ်ပြာ၊ သောက်ရေသန့်ဗူးများ အပါဝင် အခြားလှူဖွယ်ဝတ္တုများ စေတနာထက်သန်စွာ စုပေါင်းလောင်းလှူ ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


