နောင်ချို   ၆   မေ

 

ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေရည်ပုလဲ မိုင်းနင်းကုမ္ပဏီမှ Ventilator (အသက်ရှူအထောက်အကူပြုကိရိယာ)နှင့် ပစ္စည်းများကို နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ယမန်နေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းပွဲတွင် နောင်ချိုမြို့နယ် ငွေရည်ပုလဲမိုင်းနင်းကုမ္ပဏီမှ MD ဦးသိန်းမြင့်နှင့် ဝန်ထမ်းများမှ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း(၃၀)တန်ဖိုးရှိ Ventilator (အသက်ရှူအထောက်အကူပြုကိရိယာ) ၁ လုံး၊ ကျပ်(၃)သိန်းတန်ဖိုးရှိ Mask(၁၀ဝ၀)၊ ကျပ်(၅၅၀ဝ၀)တန်ဖိုးရှိ Thermometer ၁ ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကိုက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ထွေးငယ် (မြို့နယ်ပြန်/ဆက်)

 

mdn