လားရှိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အောက်ဆီဂျင်နှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ကလားရှိုးမြိူ့၊အမှတ်(၁)ရပ်ကွက်၊ယူနန်ဘုံ ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းတွင် Fully Light Companty မှ ဉီးစိန်မြင့်+ဒေါ်ရီရှို့မိသားစုမှ ငွေကျပ် တစ်ဆယ့်ခြောက်သိန်း တန်ရှိ ၄၀လီတာ အောက်ဆီဂျင်အိုး(၈)အိုး၊လားရှိုးမြို့ ယူနန်အမျိုးသမီးရေးရာအဖွဲ့မှ အောက်ဆီဂျင်၄၀ လီတာအိုး(၄၀) လုံး၊အရက်ပြန်ပုံးကြီး (၂၀)၊ပိုးသတ်ဆေးပုံးကြီး(၂၀)နှင့် PPE ဝတ်စုံများ (၁၅၀)တို့အား ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဉက္ကဌ ဉီးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများကလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးခဲ့သည်။
အဆိုပါ လှူဒါန်းပစ္စည်းများကို လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်


