ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မံစီမြို့မစျေးနှင့်  မြို့အဝင်အထွက်လုံခြုံရေးဂိတ်များ၌ ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်

မံစီ ၃ ဧပြီ

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း Coronavirus Disease 2019 (ကိုဗစ်-၁၉) ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့မစျေးနှင့်  မြို့အဝင်အထွက်လုံခြုံရေးဂိတ်များ၌ ယနေ့နံနက် ၇ နာရီကစတင်၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ကိုယ်အပူချိန်တိုင်းကိရိယာ များဖြင့် ကိုယ်အပူချိန်များတိုင်းတာခြင်း၊ ကျန်းမာရေး အခြေများမေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ပြီး သံသယလူနာများကိုတွေ့ရှိပါက ထိမ်းချုပ်ကုသရမည့်လုပ်ငန်းအဆင့်ဆင့်ကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

လုပ်ငန်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းစောဝေနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ချိုတို့က ဦးဆောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် များ၊  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ယနေ့နံနက် ၁၀ နာရီအထိ လူပေါင်း ၅၅၀ ခန့်ကိုစစ်ဆေးခဲ့ရာ ကျန်းမာရေးကောင်းမွန်လျက်ရှိနေပြီး သံသယလူနာမတွေ့ရကြောင်း၊ မြို့အဝင်အထွက်ဂိတ်များ၌ နေ့စဉ် အလှည့်ကျစနစ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဝင်အထွက်ခရီးသည်စာရင်းများ မှတ်ပုံတင်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရိန် (ပြန်/ဆက်)