“ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (တတိယအပတ်အစီအစဉ်)”

(၁၁-၁၀-၂၀၂၀)

• ဤအစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း တင်ဆက်သွားမည်ဖြစ်ပါသည်။

 

• အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအား ဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေး ပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင်မှတစ်ဆင့် ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါသည်။

 

• သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

 

- ဤပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

 

- [email protected] အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေးမြန်း နိုင်ပါသည်။

 

• ထိုသို့မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကိုဖြေကြားမည့်နေ့မတိုင်မီ အနည်း ဆုံး  (၁) ရက် ကြိုတင်၍နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပါသည်။

 

• အစီအစဉ်အား အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့များတွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသ သွားမည်ဖြစ်ပါသည်။

 

• Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့်  ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmarနှင့် Health Literacy Promotion Unit Facebook စာမျက်နှာများမှတစ်ဆင့် ဝင်ရောက်ဖြေကြားပေးမည် ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

#Ministry_of_Health_and_Sport, Myanmar