ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ပင်စင်စားများအတွက် ငွေကြေးလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ 

မုံရွာ ၁  ဧပြီ 

ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ပင်စင်စားများအတွက် ငွေကြေးလုံခြုံရေးလုပ်ငန်းများကို  မြန်မာ့စီးပွားရေးဘဏ် မုံရွာဘဏ်ခွဲ၏ မြောက်ဘက် သစ်စက်ဝန်းအတွင်း ပင်စင်စားများအား ပင်စင် ထုတ်ပေးရာတွင် အစုလိုက်လစာထုတ်ပေးခြင်းခွင့်မပြုဘဲ၊ လူစုခွဲ၍ ပင်စင်လစာများ ထုတ်ပေး လျက်ရှိပါ ကြောင်း မုံရွာ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ယဉ်ယဉ်စိုး ကပြောကြားသည်။ 

ပင်စင်စားများ ပင်စင်လစာထုတ်ယူရာတွင် ငွေကြေးလုံခြုံရေးအတွက် နယ်စပ်ရေးရာဝန်ကြီး မှ  ဘဏ်ခွဲလုံခြုံရေးနှင့်  ဘေးပတ်ဝန်းကျင်လုံခြံရေးအတွက် လုံလောက်သော လုံခြုံရေးအင်အား ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊  မြန်မာ့စီးပွားရေးဘဏ်၏ မြောက်ဘက် သစ်စက်ဝန်းအတွင်း ကိုဗစ်-၁၉ကာကွယ်ရန်အတွက် လက်ဆေးဘေစင်များ၊ လက်ဆေးဆပ်ပြာများနှင့် ရေရရှိရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း   ၎င်းကပြောကြားသည်။ 

ကိုဗစ်-၁၉ကာကွယ်ရန်အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်နယ်မှူး၏ လမ်းညွန် ချက်အရ အမှတ်(၇) စစ်မြေပြင်  ဆေးတပ်ရင်းမှ  အရာရှိစစ်သည်များ  မြန်မာ့စီးပွားရေးဘဏ် မုံရွာဘဏ်ခွဲအတွင်းသို့ ယနေ့ နံနက်ပိုင်းက ပိုးသတ်ဆေးများဖျန်းခဲ့ကြောင်း ခရိုင်မန်နေဂျာ ဒေါ်ယဉ်ယဉ်စိုးက ပြောကြားသည်။

မွှေးကြူဇင်