ကိုဗစ်-၁၉ရောဂါကာကွယ်ရန်အတွက် ရုံးအဆောက်အဦးများကို ပိုးသတ်ဆေးဖျန်း

မုံရွာ ၁  ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုအရ မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရန် အတွက် တိုင်းဒေသကြီး ရုံးအဆောက်အဦများကို   ယနေ့နံနက်ပိုင်းတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ 

“ယနေ့ ပိုးသတ်ဆေးဖျန်းမည့် တိုင်းရုံးများမှာ ကိုယ်ပွားသတင်းစာတိုက်(မုံရွာ)၊ စားသုံးသူ ရေးရာ ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ မွေးမြူရေးနှင့် ကုသရေးဦးဌာနများဖြစ်ပြီး ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းများကို အဖွဲ့အနှစ်ဖွဲ့ခွဲပြီးဆောင်ရွက်လျက်ရှိပါကြောင်း” တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမင်းစမ်းအေးကပြောကြားသည်။ 

 

A

 

ပိုးသတ်ဆေးဖျန်းခြင်းသည်  ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါဖြစ်ပွားမှု များလျော့နည်းနိုင်ပါကြောင်း၊ ကျန်ရှိသည့် တိုင်းရုံးများကိုလည်း  ပိုးသတ်ဆေးဖျန်းပေးမည် ဖြစ်ပါ ကြောင်း၊ ရောဂါပိုးတွေ့သူ သွားရောက်ခဲ့သည့် လမ်းကြောင်းများနှင့် ဘုရားပုထိုးစေတီများကို   ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပြီးဖြစ်ပါကြောင်း မီးသတ်ဦးစီးဌာနမှ  ဒု- မီးသတ်ဦးစီးမှူး ဦးဒီဇင် ကပြောကြားသည်။

မွှေးကြူဇင်