ရန်ကုန် ၆ ဩဂုတ်
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေစကွဲအော့ဖစ်(စ်)တာဝါရှိ Dai-ichi Life insurance Myanmar အာမခံလုပ်ငန်းမှ ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးထောက်ပံ့မှုအဖြစ် Dai-ichi People First Fund မှ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မိသားစုအသက်အာမခံ၊ မိသားစုပညာရေး ငွေစုအာမခံနှင့်ချေးငွေ အာမခံသုံးမျိုးကိုဝန်ဆောင်မှု ပေးရာတွင် သိန်း ၅၀၀ မတည်ထားသော Dai-ichi People First Fund ရန်ပုံငွေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ခဲ့ ပါက နေ့စဉ်ငွေကျပ် ၁၅၀,၀၀၀ နှင့် ရောဂေါကြောင့် ဆေးကုသစဉ် သေဆုံးခဲ့ပါက ငွေကျပ်သိန်း ၃၀ ကို ထိုရန်ပုံငွေ ထဲမှဝန်ဆောင်မှုပေးမည်ဖြစ်ပြီး Dai-ichi Life Insurance Myanmar မှ ငွေကြေးစီမံခန့်ခွဲမှုနှင့်ရေရှည်ငွေစုခြင်း လုပ်ငန်းတို့တွင်လည်း အသက်အာမခံလုပ်ငန်း အနေဖြင့် ပံ့ပိုးနိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံအသက်အာမခံ ကုမ္မဏီဖြစ်သော Dai-ichi Life Group ၏ကုမ္ပဏီခွဲများကို မြန်မာနိုင်ငံတွင် Dai-ichi Life Insurance Myanmar နှင့် ဂျပန်၊ အမေရိကန်၊ ဩစတေးလျ၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့်ကမ္ဘော ဒီးယားစသောနိုင်ငံပေါင်း ကိုးနိုင်ငံတွင်ဖွင့်လှစ်ထားရှိပြီး ဂျပန်နိုင်ငံတွင် အသက်အာမခံ လုပ်ငန်အနေဖြင့် နှစ်ပေါင်း ၁၁၇ နှစ်သက်တမ်းရှိပြီ ဖြစ်ရာ မြန်မာပြည်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ၌ လုပ်ငန်းစတင်လည်ပတ်ခဲ့ကြောင်း သိရသည်။
“နိုင်ငံတော်က အာမခံလုပ်ငန်းဖြေလျော့ပေးမှုကြောင့် မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်း လုပ်ဆောင်ခွင့်ရရှိတဲ့အခြားကုမ္ပဏီ လေးခုလည်း တစ်ချိန်တည်း ဝင်ရောက်လာတာကို တွေ့ရမှာပါ။ နိုင်ငံမှာ ဒီဂျစ်တယ်ချိတ်ဆက်မှု တိုးတက်မြန်ဆန်မှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အာမခံလုပ်ငန်းများ အတွက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို အထောက်အကူဖြစ် စေတာကြောင့် ထာဝရသင်နဲ့ အတူဆောင်ပုဒ်နဲ့အညီ ဝန်ဆောင်မှုပေးနေပါတယ်” ဟု Dai-ichi Life Insurance Myanmar ၏CEO ဖြစ်သူ ဒေါ်ဇာခြည်တင်က ပြောသည်။
အသက်အာမခံ အမျိုးအစားများတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ အာမခံအကျိုးခံစားခွင့် ပါဝင်ပြီး ကူးစက်ခံရမှုကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကိုလည်း ကာကွယ်ထောက်ပံ့ပေးနိုင်ရန် အတွက်ဝန်ဆောင်မှုများပေးထားကြောင်း သိရသည်။
သန်းထိုက်