မန္တလေး ၂၃ နိုဝင်ဘာ
မန္တလးမြို့ရှိ တောင်းရမ်းစားသောက်သူများအား အလှူငွေမထည့်ရန် စည်ပင်သာယာရေး ကော်မတီက မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့သည် ။နိုဝင်ဘာလ ၂၁ရက်နေ့ကမန္တလေးတွင် တောင်းရမ်းစားသောက်သူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ရာ ၎င်းတွင် Covid-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယခုလို ထုတ်ပြန်ခြင်း ဖြစ်ကြောင်းသိရသည် ။
မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်(၅၀၃)၊ ဦးပွားဘုရားဝန်း အတွင်းတွင် နိုဝင်ဘာ(၂၁)ရက်ညနေပိုင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ရာ ယင်းအမျိုးသားသည် အိမ်ခြေမဲ့ တစ်ဦးဖြစ်ပြီး ၎င်းအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သို့ပို့ဆောင်၍ Covid-19 ရောဂါရှိမရှိ နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ်များ ရယူ၍ စစ်ဆေးရာမှ Covid-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးသူနဲ့ ထိစပ်ဟုယူဆရသည့် လမ်းပေါ်နေသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၉ ဦးကို ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ Quarantine စင်တာ သို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဖြိုးအိ
Photo :ချမ်းမြသုခ


