လားရှိုး ၂၂   မေ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့ ဦးဆောင်၍ လားရှိုးမြို့ဌာနဆိုင်ရာ အဖွဲ့များပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီအဖွဲများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များ ပါဝင်လျက် မေ ၂၂ ရက်၊ နံနက်(၈)နာရီကစတင်၍ လားရှိုးမြို့၌ mask campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

Mask Campaign ကို လားရှိုးမြို့ပေါ်ရှိ နေရာ(၄)ခုတွင် Mask များဝေငှသွားမည်ဖြစ်ပြီး ရပ်ကွက်(၉)၊ အထက(၈)ဘေးရှိ ယာယီကုန်စိမ်းဈေး၊ လားရှိုးမြို့တော်ခန်းမ အနီးမဟာမြတ်မုနိ ဘုရားကြီး၊ လားရှိုးမြို့မဈေးကြီးနှင့် နားမခေါ်ကားကြီးကွင်း တို့တွင် ပေးဝေခဲ့ကြောင်း သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)