၁၂ ဇွန်
ဆာဗီးယားလက်အောက်ကနေ လွတ်လပ်ရေးအတွက် ဆားဗီးယားနဲ့ ကိုဆိုဘို ၃ လကြာစစ်ဖြစ်နေရာ စစ်ပွဲအဆုံးသတ်ရန် ၁၉၉၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ နေတိုးတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းခဲ့ကြပါတယ်။
အဲဒီအချိန်အခါက အမေရိကန်မှာ သမ္မတ ဘီလ်ကလင်တန် အုပ်ချုပ်နေပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် မက်ဒလင်း အောဘရိုတ် က တာဝန်ယူခဲ့ပါတယ်။ ဒီကနေ့ ကျင့်ပမယ့် ကိုဆိုဘို အနှစ် နှစ်ပြည့်အခမ်းအနားကို သူတို့နှစ်ဦးလုံးတက်ရောက်မယ်လို့ သိရပါတယ်။
၃ လကြာစစ်ပွဲအတွင်းမှာ လူပေါင်း တစ်သောင်းသုံးထောင်သေဆုံးခဲ့ရာ အများစုမှာ ကိုဆိုဘို အယ်ဗေးနီးယားတွေ ဖြစ်ပါတယ်။ ကိုဆိုဘိုဟာ ဆားဗီးယားရဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့ရာ ၂၀ဝ၈ ခုနှစ်က ကိုဆိုဘိုက လွတ်လပ်ရေးကို ကြေညာခဲ့ပါတယ်။ အခုချိန်ထိ ဆားဗီးယားက သူ့ပြည်နယ်ရဲ့လွတ်လပ်ရေးကို တရားဝင်လက်ခံခြင်းမရှိသေပေမယ့် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုမှုကို ကိုဆိုဘို က ရရှိခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံအများစုက ထောက်ခံမှုပေးနေပေမယ့် ရုရှားနဲ့ တရုတ်နိုင်ငံတွေက ကိုဆိုဘိုကို နိုင်ငံအဖြစ်အသိအမှတ်ပြု ငြင်းပယ်တာကိုလည်း တွေ့ရပါတယ်။
အမေရိကန်သမ္မတဟောင်း ကလင်တန်ကို ကိုဆိုဘိုနိုင်ငံတည်ထောင်ခဲ့တဲ့ ဖခင်ကြီးလို့ သတ်မှတ်ထားပြီး ကိုဆိုဘိုနိုင်ငံ မြို့တော် ပရစ်တီးနားမှာ ကလင်တန်က မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အဲဒီနေရာမှာ ကလင်တန်ရုပ်တုနဲ့ လမ်းမကြီးတစ်ခုကို ကလင်တန်နာမည်ပေးမယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်ရဲ့ ရုပ်ထုကိုလည်း ဗုဒ္ဓနေ့အခမ်းအနားမှာ တွေ့ရမှာဖြစ်ပါတယ်။
ဆားဗီးယားအတွက် အနှစ်နှစ်ဆယ်တိုင်ပေမယ့် နေတိုးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့အတွက် ဒေါသမီး တောက်လောက် နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆားဗီးယားသမ္မတ က ၁၉၉၉က နေတိုးအဖွဲ့ဝင်ရောက်မှုကို အင်အားကြီးနိုင်ငံ ၁၉ နိုင်ငံကနေ နိုင်ငံငယ်လေးတစ်ခုကို ဝင်ရောက်တိုက်ခိုက် ခဲ့တာ ဖြစ်တယ်။ အခုချိန်ထိ ဆားဗီးယားဟာ ပျက်ဆီးမှုတွေကနေ ပြန်တည်ထောင်နေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
၁၉၉၉ ခုနှစ်က ဆားဗီးယားစစ်တပ်ရဲ့ ပစ်မှတ်တွေနဲ့ အဆောက်အအုံတွေကို နေတိုးတပ်ဖွဲ့က ၇၈ ရက် ကြာ တိုက်ခိုက်ခဲ့ရာ သာမန်ပြည်သူတွေဖြစ်တဲ့ ဆားဗီးယား၊ အယ်ဘေးနီးယားနဲ့ ရိုမာ ၅၀ဝ လောက် အသတ်ခံခဲ့ရကြောင့် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
MDN
ကိုးကား -AFP