ရေး ၁၅ အောက်တိုဘာ

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ် သာသနာပြုနယ်မြေ ကိုရင်လေးဆရာတော် အရှင်ပုပ္ဖရမ္မကျောင်းတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်နှင့် အစိုးရရုံးပိတ် (၅)ရက်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်များမှ ဆရာတော်အား လာရောက်ဖူးမျှော်ခဲ့ကြသည့် ဘုရားဖူးဧည့်သည့်များဖြင့် စည်ကားလျက်ရှိသည်။

 

1

 

အဆိုပါ ကျိုက်ဒေတမော့ဗရတ် သာသနာပြုနယ်မြေတွင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားကာ လူသား၊ သတ္တဝါအခြင်းခြင်း ငြိမ်းချမ်းသော၊ အေးမြသော မေတ္တာတရားများထားနိုင်ရေးအတွက် ဉာဏ်တော်အမြင့် ၈၆ တောင်၊ တပ္ပလင်အောက်ခြေမှ စိန်ဖူးတော်အထိ ဉာဏ်တော်အမြင့် ၁၄၅ တောင်ရှိကာ ပလ္လင်အောက်ခြေမှ စိန်ဖူးတော်အထိ ၁၄၅ တောင်ရှိ ရာမညအတုလလေးဆူ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ အလျားတော် ၂၂၇ တောင်ရှိ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူနှင့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာဖွယ်ရှိမည့် စေတီများအပါအဝင် ပိဋကတ်ကျောက်စာ အဆူပေါင်း ၂၀ဝဝ ကျော်ကိုလည်း ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

           

ခင်သိမ့်(ရေး၊ ပြန်/ဆက်)

 

1