ကျိုက်ဒုံ၊ ၃၁ မေ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၆ ဒသမ ၄၇၀ သန်းဖြင့် ပိတောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါ ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် ပိတောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ရာမှာ လမ်းပေအရှည် ပေ ၁၀၀၀၊ အကျယ် ၁၂ ပေ၊ ၃ လက်မထုရှိပြီး ဒေသနေပြည်သူများ ရာသီမရွေး သွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)