ကျိုက်ဒုံ ဇူလိုင် ၁၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဇူလိုင် ၁၅ ရက် နံနက်၉နာရီက ကျိုက်ဒုံမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမြင့်နှင့် ဝန်ထမ်းများမှ မိုးစပါးများ စိုက်ပျိုးရာ၌မြေဆီလွှာ ဖွံ့ဖြိုးစေရေးအတွက် စိုက်ပျိုးနည်းပညာများ ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးမှူး ဒေါ်လှမြင့်က ဝက်ဒုံကျေးရွာ တောင်သူ ဦးတင်ဝင်းလယ်ယာမြေ၌ RS ဆင်းသုခ မျိုးစပါးများကို ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ထားရှိမှု အားပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး၊ မိုးစပါး စိုက်ပျိုးရာတွင် မြေဆီလွှာ ဖွံ့ဖြိုးရန်အတွက် ရည်ရွယ်ပြီး (သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်) စိုက်ပျိုးထားသည်များကို (၄၀) ရက်သားခန့်တွင် ထယ်ထိုးမြေမြှပ်ရန်အတွက် ဆောင်ရွက်ရမည့် နည်းပညာများအား ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
(ကျိုက်ဒုံ)ပြန်/ဆက်


