ကျိုက်ဒုံ ၂၃ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဇူလိုင်လ၂၃ရက်၊ နံနက်၁၀ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၌ ကျိုက်ဒုံမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးဌာနမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများကို ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခြင်း (Covid-19)ကူးစက်မြန်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ် တားဆီးထိန်းချုပ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား ကျောင်းသားကျောင်းသူများသိရှိနားလည်စေရန်အတွက် စာသင်ခန်းများတွင် (Faceshield)နှင့် (Mask)များ စနစ်တကျတပ်ဆင်ဖို့၊ လက်များကို စက္ကန့် (၂၀)ကြာ ဆေးကြောဖို့၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာတွင် နေထိုင်ဖို့သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့်သွေးလွန်တုပ်ကွေးရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


