ကျိုက်ဒုံ ၁၅ ဇူလိုင်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ဇူလိုင် ၁၅ရက်၊ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၂)နှစ်မြောက် အာဇာနည်နေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် မြို့မမူလတန်းကြိုကျောင်းမှ ကျောင်းသားကျောင်းသူများက အာဇာနည် ၉ ဦးကဗျာ၊ ဂုဏ်ပြုကြစို့ကဗျာ၊ ယုန်နှင့်လိပ်ကဗျာ၊ ဘဲကလေးကဗျာ၊ မနီလေးဆေးရောင်စပ်ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပပေးခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် မူကြိုကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်က ဆုများပေးအပ်ချီးမြှင့်ရာ မူလတန်းကြိုဆရာမတစ်ဦးမှ လက်ခံခဲ့ပြီး ကလေးငယ်များ အာဟာရဖွံ့ဖြိုးစေရေး အတွက် လိမ္မော်ရည်နှင့်မုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)


