ကျိုက်ဒုံ ၉ ဇွန်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းလုပ်ငန်းဖြင့် တတိယ(၃)လပတ် လုပ်ငန်းဖြစ်သော အာဇာနည်ဗိမာန်တည်ဆောက်ခြင်းနှင့် ကွန်ကရစ်ရင်ပြင်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား ပြည်နယ်ဘက်ဂျတ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၀.၀၀၀) ဖြင့် ဆောင်ရွက်ခဲ့ပြီး အာဇာနည်ဗိမာန်၏ အတိုင်းအတာမှာ အလျားပေ(၄၀)၊ အနံ(၁၈)ပေ၊ အမြင့်(၁၈)ပေ၊ ကွန်ကရစ်ရင်ပြင် ခင်းမှာ ပေ(၅၀) ပတ်လည်ရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင် နီယာ ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျှက်ရှိရာ (၉၀)ရာခိုင်နှုန်းအထိပြီးစီးခဲ့ပြီး သတ်မှတ်ထားသည့် နေ့ရက်များတွင် အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


