ကျိုက်ဒုံ ၂၆  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်သည် ယနေ့နံနက် ၉ နာရီက နေအိမ်ဈေးဆိုင်များ၊ မြို့ပေါ်ရပ်ကွက်များသို့ အလှည့်ကျ သွားရောက်ကာသုတရသ စာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထု စာအုပ်များကို စာဖတ်သူများ၏ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

 

85

 

ထိုသို့ မြို့ပေါ်ရပ်ကွက်များနှင့် နေအိမ်ဈေးဆိုင်များသို့ စာဖတ်စာငှား ဆောင်ရွက်ပေးခြင်းသည် အလုပ် မအားလပ်၍ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါဒနာရှင်များ၊ သက်ကြီးရွယ်အိုများ၊ ဒေသတွင်နေထိုင်သည့် လူငယ်လူရွယ်များ စာပေများကို လေ့လာဖတ်ရှု့နိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးနှင့် စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေရန်၊ အထွေထွေဗဟုသုတများ တိုးပွားလာစေရန်၊ စာပေမှရရှိသည့် အသိနှင့်မှန်ကန်သည့် ဆုံးဖြတ်ချက်များ အောင်မြင်စွာ ရရှိစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

စာဖတ်သူများ အဆင်ပြေချောမွေ့စွာ ဖတ်ရှု့လေ့လာနိုင်ရေးအတွက် ရက်သတ္တပတ်နှစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များ အပတ်စဉ် လဲလှယ်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)