ကျိုက်ဒုံ၊ ၁၅ ဒီဇင်ဘာ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်နှင့် ဝန်ထမ်းများမှ ယမန်နေ့က ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများကို သဘာဝပိုးနှင်ဆေး၊ ငါးအမိုင်နိုအက်ဆစ် ဖျော်စပ်နည်း စနစ်များ လက်တွေ့ပြသခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းသည်ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူတွေနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးအတွက ရည်ရွယ်၍ သဘာဝပိုးသတ်ဆေး ဖျော်စပ်နည်း၊ အပင်အားတိုးရေ အသီးအပွင့်ဖျော်စပ်တဲ့ နည်းစနစ်များကို တောင်သူများနှင့်အတူ ဟင်းသီးဟင်းရွက်စိုက်ခင်းမှာ လက်တွေ့ကျင့်သုံးနိုင်စေရန် ပြုလုပ်ပြသဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)


