ကျိုက်ဒုံ စက်တင်ဘာ ၃၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ ကျေးရွာများ မီးလင်းစေရေးအတွက် နေအိမ်သုံးဆိုလာပါဝါ (၈၆) စုံအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာပါဝါများကို ကြာအင်းဆိပ်ကြီးမြို့နယ် (န.တ.လ) ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းဇော်နှင့် အဖွဲ့များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်တို့မှ ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးရွာ စာကြည့်တိုက်များနှင့် ဆေးပေးခန်းများ မီးလင်းစေရေးအတွက် ဆိုလာပါဝါနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး (PRECISION FOCUS) ကုမ္ပဏီမှ MD ဦးစိုးထွဋ်မှ ဆိုလာပါဝါအသုံးပြုရမည့် နည်းလမ်းများကို ပြသခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင် (ကျိုက်ဒုံ ပြန်/ဆက်)