ကျိုက်ဒုံ၊ ၃ ဇွန်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဇွန် ၃ ရက် နံနက် ၁၀ နာရီခွဲက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ မြို့ဦးစီးမှူး ဦးဇွန်ဇွန်မိုးလွင်နှင့် အဖွဲ့များသည် ပန်းခင်းစီမံချက်ဖြင့် ကျိုက်ဒုံမြို့(ရှေ့တန်းရုံး)၌ အမှတ်(၂) စစ်ကွပ်ကဲရေး၊ အမှတ်(၂)နည်းဗျူဟာ၊ ဒေါနအနောက်ခြမ်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(D.K.B.A)မှ တပ်ဖွဲ့ဝင မိသားစု အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၁၄)ဦးတို့အား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)


