သံဖြူဇရပ် ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးကို ဒီဇင်ဘာ ၃ ရက်က နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး အသက် ၁၀ နှစ်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု ၃(က)တွင် အမျိုးသား ကိုးဦး၊ အမျိုးသမီး ကိုးဦး၊ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု ၆(က)တွင် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၉ ဦး၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့် လဲလှယ်တွင် အမျိုးသား ၂၀၊ အမျိုးသမီး ၂၂ ဦးနှင့် ပျောက်ဆုံး ပျက်စီးထုတ်ပေးခြင်းတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၁၇ ဦးအား နိုင်းငံသား စိစစ်ရေးကတ်များကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး သံဖြူဇရပ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပြုလုပ်ရန်ကျန်ရှိသည့် ဒေသခံပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အေးအေးမွန်(ပြန်/ဆက်)